++++++++++++ (၆) လူတစ်ယောက်ဟာ.. ထိတ်လန့်စရာ၊ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေနဲ့ ကြုံလာပြီဆိုရင် သူ့ကိုယ်ခန္ဓာထဲကနေ Adrenaline လို့ခေါ်တဲ့ ဟော်မုန်း ဓာတ်တစ်မျိုး ထွက်လာသတဲ့။ ဒီဓာတ်သတ္တိက လူရဲ့ အမြင်အာရုံတွေကို ပိုပြီး ကြည်လင်သွားစေတယ်၊ တုံ့ပြန်မှုတွေကို ပိုပြီး မြန်ဆန်လာစေတယ်.. ခံစားမှုတွေကို အဆင့်မြှင့်တင် ပိုမို စူးရှလာစေတယ်..လို့ စာအုပ်တချို့ထဲမှာ သူဇာလွင် ဖတ်ဖူးတယ်။ ဒါပေမယ့် အခု သူဇာလွင့်ကိုယ်ထဲမှာ အဲဒီ ဓာတ်ရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး။ သူ့နှလုံးခုန်နှုန်းက ပုံမှန်ထက် တစ်ချက် ပိုမြန်မလာသလို.. တည်ငြိမ်နေတယ်။ …