———————– [လွန်ခဲ့သော နှစ်ဆယ့်လေးနှစ်] (၁) “ကိုကြီး.. ဖေဖေ ငိုနေပြန်ပြီ” အခန်းထဲကို လှမ်းဝင်၊ ကျောင်းလွယ်အိတ်ကို ပခုံးကနေ မဖြုတ်ရသေးခင်မှာပဲ.. သက်ထူးရဲ့ လက်ကို အသာဆွဲပြီး ပြောလိုက်တဲ့ မေမော့် စကားသံ။ သက်ထူးတို့ရဲ့ အိမ်ခန်းလေးက ညနေ မစောင်းသေးတာတောင်.. အလင်း သိပ်မရတော့ဘဲ မှိုင်းမှောင်နေတယ်။ တစ်ခုတည်းသော တံခါးပေါက်ကနေ ဝင်လာတဲ့ နေရောင်ကလည်း အခန်းကို ဖြန့်ကျက် လင်းမပေးဘဲ ဟောင်းနွမ်းယိုင်နဲ့နေတဲ့ ကြမ်းပြင်မှာ အလင်း တစ်ကွက်သာသာ။ “ကိုကြီး..”.. မေမော်က ထပ်ခေါ်တယ်။ သက်ထူး …
Chan Myae Win Articles.
-လွန်ခဲ့သော ဆယ့်သုံးနှစ်- (၁) ကိုမျိုးဆိုတဲ့ လူကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ရင်း သက်ထူး လက်ဘက်ရည်ခွက်ကို လှမ်းယူ၊ တစ်ငုံ မော့သောက်လိုက်တယ်။ သက်ထူးတို့ အခု ထိုင်နေတဲ့ လက်ဘက်ရည်ဆိုင်က ရန်ကုန် မြို့လယ်ခေါင်မှာ ဖွင့်ထားတာဆိုပေမယ့် ဆိုင်ကြီးတော့ မဟုတ်။ စားပွဲနဲ့ ထိုင်ခုံ အပုလေးတွေက ဆိုင်ဧရိယာကနေ ကျူးကျော်လွန်ထွက်ပြီး ကတ္တရာလမ်းပေါ် တစ်ပိုင်းတစ်စ ရောက်နေတယ်။ စားပွဲခုံတွေနဲ့ ၄-၅ ပေ အကွာလောက်မှာတင် ကားတွေ အရှိန်နဲ့ တဝီးဝီး ဖြတ်သွားနေကြပေမယ့် လက်ဘက်ရည် သောက်နေသူတွေကတော့ စကားပြောမပျက်၊ …
အခန်း (၂) (၁) ပိုင်ဆိုင်ခြင်း.. ဆိုတဲ့ အရာကို သက်ထူး သေချာ နားမလည်ဘူး။ သူ့မှာ ပိုင်ဆိုင်မှုဆိုလို့ မည်မည်ရရ ဘာမှ ပြစရာ မရှိတာကြောင့်လည်း ဖြစ်နိုင်တယ်။ တစ်သက်လုံး အလုပ်နဲ့ လက်နဲ့ မပြတ်အောင် နေခဲ့ပေမယ့် ဘယ်သောအခါကမှ ငွေကြေး ဆိုတာကို သူ့စိတ်ထဲ အထူးတလည် မထည့်ခဲ့မိဘူး။ တချို့ကတော့ ပြောလိမ့်မယ်၊ ငွေမလိုတဲ့ လူဆိုတာ မရှိဘူး ဆိုပြီး..။ ဒါ မှန်ပါတယ်။ စားစရာ တစ်ရက် သုံးနပ်၊ နေစရာ ကျောတစ်ခင်းစာ.. …
=အဖွင့်= +++ (လွန်ခဲ့သော ဆယ်နှစ်) မြင်ကွင်းက ဇောက်ထိုး ဖြစ်နေတယ်။ ပြင်ပနေရောင်က လင်းထိန်နေတော့ အရာရာကို ပြတ်ပြတ်သားသား မြင်နေရတယ်။ ကောင်းကင်အပြာလွင်လွင်က ဟိုးအောက်မှာ..။ ဖုန်ငွေ့တထောင်းထောင်းထနေတဲ့ ကတ္တရာလမ်းက အပေါ်ဘက်မှာ။ သူ့ပခုံးကို လှမ်းဆွဲထားတဲ့ လက်တစ်စုံ။ သူ ဒီဘက်ကို လှည့်ကြည့်လိုက်တယ်။ သူ့ကို အားကိုးတကြီးနဲ့ လှမ်းကြည့်နေတဲ့ အဲဒီ မိန်းကလေးရဲ့ မျက်နှာတစ်ခုလုံးမှာ ပြတ်ရှရာတွေ ဗရပွနဲ့။ ပါးနဲ့ နှဖူးမှာ စိုက်ဝင်နေတဲ့ မှန်ကွဲစတွေက သွေးပေပြီး ပန်းရောင်သမ်းနေပြီ။ မိန်းကလေးရဲ့ ဆံပင်ရှည်ရှည်နက်နက်တွေက သွေးနဲ့ဖုန်နဲ့ …
The Last Rung on the Ladder by Stephen King. ချမ်းမြေ့ဝင်း ဘာသာပြန်သည်။ +++ ကတ်ထရီနာ ပို့လိုက်တဲ့စာ.. မနေ့ကမှ ကျွန်တော့်ဆီကို ရောက်လာတယ်။ စာအိတ်ပေါ်မှာ လိပ်မူထားတဲ့ လိပ်စာက ဝယ်မင်တန်၊ ဒယ်လာဝဲလ်။ ၀ယ်မင်တန်ကနေ ကျွန်တော် ပြောင်းလာတာ ကြာပေ့ါ။ ဝယ်မင်တန်ကနေ နောက်တစ်နေရာ၊ အဲဒီ နောက်တစ်နေရာကနေ အခုနေရာ.. နှစ်ခါ တိတိ မြို့ပြောင်းပြီးပြီ။ အခုခေတ်မှာ.. လူတွေ နေရာ ခဏခဏ ပြောင်းကြတယ်။ စာအိတ်ပေါ်မှာ …
“နေစရိတ်”(Cost of Living by Robert Sheckley)ချမ်းမြေ့ဝင်း ဘာသာပြန်သည်။————————ကာရင် တစ်ယောက် ဒီနေ့ နေရတာ အီလည်လည်ကြီး ဖြစ်နေတယ်။ ငါ အခုလို ဘူနေတာ.. ဘာကြောင့်များပါလိမ့် ဆိုပြီး တွေးမိတယ်။ အရင်တစ်ပတ်လောက်က ဖြစ်မယ်။ ကာရင့်ရဲ့ အသိတစ်ယောက်..။ နာမည်က မေလ်လာ။ လူက ၀ဖိုင့်ဖိုင့်။ အမြဲပျော်နေတတ်တဲ့သူ။ အဲဒီ မေလ်လာ သူ့ကိုယ်သူ သတ်သေသွားပြီ ဆိုတဲ့ သတင်းကို ကာရင်.. ကြားလိုက်ရတယ်။ အဲဒီကတည်းက ကာရင့် စိတ်ထဲ မအီမသာ ဖြစ်နေတာ …

အခန်း (၅၄) +++++++++ -(ပပဝေ)- (၁) ပြင်ပမြင်ကွင်းမှာ အလင်း သိပ်မရှိပေမယ့် သူ့ အမြင်ထဲမှာတော့ အရာအားလုံး လင်းကျင်းနေတယ်။ သူ့မျက်လုံးတွေက ညရဲ့ အမှောင်ဖျော့ဖျော့ကို ဖောက်ထွင်း၊ အားလုံးကို ပီပီပြင်ပြင် မြင်နေရတယ်။ ပပဝေ…တဲ့။ …

+++++++++++ အခန်း (၅၀) -(သူဇာလွင်)- (၁) သူဇာလွင့် တစ်ကိုယ်လုံး မသေချာခြင်းတွေ၊ နောင်တတွေ၊ ကြောက်စိတ်တွေနဲ့ ဖုံးလွှမ်း ပြည့်နှက်လို့လာတယ်။ စကားဝါ ပြဿနာပြီးသွားကတည်းက ထုံထိုင်း မှုန်မှိုင်းနေခဲ့တဲ့ သူ့အာရုံတွေ အခုမှ အကုန် ပွင့်ထွက်၊ …

+++++++++++ အခန်း (၄၇) -(သူဇာလွင်)- (၁) သူဇာလွင် စာအုပ်တစ်အုပ်ကို ဖြည်းဖြည်းချင်း လှန်ဖတ်နေတယ်။ စာအုပ်ထဲက ပုံလေးတွေက ချစ်စရာ။ ဝက်ဝံ အမေကြီးနဲ့ ဝက်ဝံ သမီးလေးရဲ့ ဇာတ်လမ်း။ ဆောင်းတွင်းမှာ တွင်းအောင်းတဲ့အခါ.. ဘယ်လိုဘယ်ပုံ …