
အခန်း (၃၂) (က) သူဇာလွင့် တစ်ကိုယ်လုံး ဒေါသကြောင့် အငွေ့ပျံသွားတော့မတတ် ပူလောင်နေတယ်။ သူ့ကို မျက်လုံးအေးအေးတွေနဲ့ စိုက်ကြည့်နေတဲ့ မင်းခန့်ထူးဆိုတဲ့လူကို တစ်စစီီ ဆွဲစုတ်ပစ်ချင်နေတယ်။ ဘယ်လို လုပ်ဇာတ်တွေလဲ။ ဘာသဘောလဲ။ လူတစ်ယောက်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဘာအကြံအစည်တွေ ကြံနေတာလဲ။ မမမေ.. ဆိုတဲ့ မိန်းမက သူဇာလွင့် အမေတဲ့.. ဟားဟား။ ဝေးသေးတယ်။ မဖြစ်နိုင်တာတွေ။ စိတ်ကူးယဉ်ပုံပြင်ထဲက ဇာတ်လမ်းတွေ။ အရူးစကားတွေ..။ “ရှင်အခု ကျွန်မ ရုံးခန်းထဲကနေ ထွက်သွားပါ။ အခုချက်ခြင်း ထွက်သွား”.. သူဇာလွင် …