-လွန်ခဲ့သော ဆယ့်သုံးနှစ်- (၁) ကိုမျိုးဆိုတဲ့ လူကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ရင်း သက်ထူး လက်ဘက်ရည်ခွက်ကို လှမ်းယူ၊ တစ်ငုံ မော့သောက်လိုက်တယ်။ သက်ထူးတို့ အခု ထိုင်နေတဲ့ လက်ဘက်ရည်ဆိုင်က ရန်ကုန် မြို့လယ်ခေါင်မှာ ဖွင့်ထားတာဆိုပေမယ့် ဆိုင်ကြီးတော့ မဟုတ်။ စားပွဲနဲ့ ထိုင်ခုံ အပုလေးတွေက ဆိုင်ဧရိယာကနေ ကျူးကျော်လွန်ထွက်ပြီး ကတ္တရာလမ်းပေါ် တစ်ပိုင်းတစ်စ ရောက်နေတယ်။ စားပွဲခုံတွေနဲ့ ၄-၅ ပေ အကွာလောက်မှာတင် ကားတွေ အရှိန်နဲ့ တဝီးဝီး ဖြတ်သွားနေကြပေမယ့် လက်ဘက်ရည် သောက်နေသူတွေကတော့ စကားပြောမပျက်၊ …
Chan Myae Win Articles.
အခန်း (၂) (၁) ပိုင်ဆိုင်ခြင်း.. ဆိုတဲ့ အရာကို သက်ထူး သေချာ နားမလည်ဘူး။ သူ့မှာ ပိုင်ဆိုင်မှုဆိုလို့ မည်မည်ရရ ဘာမှ ပြစရာ မရှိတာကြောင့်လည်း ဖြစ်နိုင်တယ်။ တစ်သက်လုံး အလုပ်နဲ့ လက်နဲ့ မပြတ်အောင် နေခဲ့ပေမယ့် ဘယ်သောအခါကမှ ငွေကြေး ဆိုတာကို သူ့စိတ်ထဲ အထူးတလည် မထည့်ခဲ့မိဘူး။ တချို့ကတော့ ပြောလိမ့်မယ်၊ ငွေမလိုတဲ့ လူဆိုတာ မရှိဘူး ဆိုပြီး..။ ဒါ မှန်ပါတယ်။ စားစရာ တစ်ရက် သုံးနပ်၊ နေစရာ ကျောတစ်ခင်းစာ.. …
=အဖွင့်= +++ (လွန်ခဲ့သော ဆယ်နှစ်) မြင်ကွင်းက ဇောက်ထိုး ဖြစ်နေတယ်။ ပြင်ပနေရောင်က လင်းထိန်နေတော့ အရာရာကို ပြတ်ပြတ်သားသား မြင်နေရတယ်။ ကောင်းကင်အပြာလွင်လွင်က ဟိုးအောက်မှာ..။ ဖုန်ငွေ့တထောင်းထောင်းထနေတဲ့ ကတ္တရာလမ်းက အပေါ်ဘက်မှာ။ သူ့ပခုံးကို လှမ်းဆွဲထားတဲ့ လက်တစ်စုံ။ သူ ဒီဘက်ကို လှည့်ကြည့်လိုက်တယ်။ သူ့ကို အားကိုးတကြီးနဲ့ လှမ်းကြည့်နေတဲ့ အဲဒီ မိန်းကလေးရဲ့ မျက်နှာတစ်ခုလုံးမှာ ပြတ်ရှရာတွေ ဗရပွနဲ့။ ပါးနဲ့ နှဖူးမှာ စိုက်ဝင်နေတဲ့ မှန်ကွဲစတွေက သွေးပေပြီး ပန်းရောင်သမ်းနေပြီ။ မိန်းကလေးရဲ့ ဆံပင်ရှည်ရှည်နက်နက်တွေက သွေးနဲ့ဖုန်နဲ့ …