The Last Rung on the Ladder by Stephen King. ချမ်းမြေ့ဝင်း ဘာသာပြန်သည်။ +++ ကတ်ထရီနာ ပို့လိုက်တဲ့စာ.. မနေ့ကမှ ကျွန်တော့်ဆီကို ရောက်လာတယ်။ စာအိတ်ပေါ်မှာ လိပ်မူထားတဲ့ လိပ်စာက ဝယ်မင်တန်၊ ဒယ်လာဝဲလ်။ ၀ယ်မင်တန်ကနေ ကျွန်တော် ပြောင်းလာတာ ကြာပေ့ါ။ ဝယ်မင်တန်ကနေ နောက်တစ်နေရာ၊ အဲဒီ နောက်တစ်နေရာကနေ အခုနေရာ.. နှစ်ခါ တိတိ မြို့ပြောင်းပြီးပြီ။ အခုခေတ်မှာ.. လူတွေ နေရာ ခဏခဏ ပြောင်းကြတယ်။ စာအိတ်ပေါ်မှာ …