
အခန်း (၅၄) +++++++++ -(ပပဝေ)- (၁) ပြင်ပမြင်ကွင်းမှာ အလင်း သိပ်မရှိပေမယ့် သူ့ အမြင်ထဲမှာတော့ အရာအားလုံး လင်းကျင်းနေတယ်။ သူ့မျက်လုံးတွေက ညရဲ့ အမှောင်ဖျော့ဖျော့ကို ဖောက်ထွင်း၊ အားလုံးကို ပီပီပြင်ပြင် မြင်နေရတယ်။ ပပဝေ…တဲ့။ ဒီနာမည်နဲ့ သူ.. မရင်းနှီးခဲ့ဘူး။ သူ့စိတ်တံခါးကို အကြိမ်ကြိမ် လာခေါက်နေတဲ့ သူစိမ်းတစ်ယောက်လို..၊ အိမ်ရှင်က လက်မခံလို့ လှည့်ပြန်သွားခဲ့တဲ့ ဧည့်သည်တစ်ယောက်လို.. ပပဝေ..ဆိုတဲ့ နာမည်က သူနဲ့ အဝေးတစ်နေရာမှာ ဝေ့ဝဲ စောင့်မျှော်နေခဲ့တာ။ ဒါပေမယ့် အခု လက်ရှိအချိန်မှာ.. …