
++++++++++++ အခန်း (၄၂) (၁) -(သူဇာလွင်)- သူ့လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ထားတဲ့ မင်းခန့်ထူးရဲ့ လက်သွယ်သွယ်တွေကို ငုံ့ကြည့်ရင်း သူဇာလွင့် ကိုယ်အတွင်းပိုင်းတစ်နေရာမှာ ခံစားချက်တချို့ လွှမ်းခြုံလှုပ်ခတ်သွားတယ်။ ဆက်ငိုနေမိသေးပေမယ့် ဝေဒနာက စောစောကလောက် မပြင်းထန်တော့။ ကတ္တရာလမ်းက ကားအောက်ထဲကို တဝှစ်ဝှစ် ပြေးဝင်တယ်။ ကားမီးရောင်ပြပြထဲမှာ မုယောရဲ့ လမ်းမ.. ဘယ်ဘက်ကို ခပ်ပြေပြေ ကွေ့သွားတယ်။ ညာဘက်ကို ပြန်ဝေ့ပြီးတဲ့အခါ လမ်းမကြီးက ဖြောင့်ဖြူးသွားတယ်။ ရှေ့နည်းနည်းဆက်သွားရင် မုယောရဲ့ နယ်နိမိတ်ကို ကျော်၊ ဆိပ်ခုံ မြို့နယ်ထဲ ရောက်တော့မယ်..။ …