
အခန်း (၁၀) – (သီရီ) – (၁) ဖုန်းမျက်နှာပြင်ပေါ်က ဂဏန်း ၁၀ လုံးကို စိုက်ကြည့်နေမိတာ ဘယ်လောက်ကြာသွားပြီလဲ မသိဘူး။ ဖုန်းခေါ်တဲ့ ခလုတ်ပေါ်ကို သီရိလက်က မကြာခဏ ရောက်သွားလိုက်.. ပြန်ရုတ်လိုက်..။ ဖုန်းဆက်လိုက်ရင် သိလာရမယ့် အချက်အလက်အသစ်တွေကို သူ ခံနိုင်ရည် ရှိပါ့မလား.. သီရိ စဉ်းစားတယ်။ အောင်မော့် ကောင်မလေးရဲ့ ဖုန်းနံပါတ်ပဲ.. သေချာတယ်။ ဒါကြောင့်မို့ ဒီလို တယုတယ သိမ်းထားတာပေါ့..။ ပြီးတော့ လက်ရေးကလည်း မိန်းကလေး လက်ရေးပါ။ ဝိုင်းဝိုင်း …