
အခန်း (၃၄) (က) သူဇာလွင် မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်..။ အရှိန်နဲ့ ခုန်ဝင်လာနေတဲ့ ညစောင့်ဦးလေးကြီးရဲ့ မျက်နှာ။ ဆွတ်ဆွတ်ဖြူနေတဲ့ မျက်လုံးတွေ။ ဟထားတဲ့ ပါးစပ်ထဲက သွားချွန်ချွန်တွေ။ သူဇာလွင့် လည်ပင်းဆီကို ရောက်လုနီနီး လက်နှစ်ဖက်။ အရာအားလုံးက အနှေးပြကွက်တစ်ခုလို တစ်ချက်ခြင်း တစ်ပုံခြင်း လှုပ်ရှားနေတယ်။ မကောင်းဆိုးဝါးရဲ့ မျက်နှာနဲ့ သူဇာလွင့်မျက်နှာ လက်မအနည်းငယ်လောက်ပဲ ကွာတော့မယ်။ ဦးလေးကြီး ပါးစပ်ထဲက ထွက်နေတဲ့ အမျှင်တွေ.. အပုပ်ရည်တွေ သူဇာလွင့် မျက်နှာနဲ့ ထိလုထိခင်..။ ဟိုး..အမြင့်တစ်နေရာကနေ သူဇာလွင့် အတွင်းစိတ်ထဲကို …