
အခန်း (၂၂) (၁) အဖေ့ရဲ့ တောက်ခေါက်သံက ခပ်အုပ်အုပ်ကြားနေရတဲ့ မုန်တိုင်းသံကို ဖောက်ပြီး ထွက်လာတယ်။ အခန်းထဲကို ဝင်လာပြီး သတင်းပေးတဲ့ အစောင့်ရဲ့မျက်နှာ ငယ်သွားလိုက်တာ လက်သည်းခွံလောက်ပဲ ရှိတော့မယ်။ အဖေ့ကို မကြည့်ရဲ ကြည့်ရဲမော့ကြည့်ရင်း အစောင့်က ပြောတယ်။ “အပြင်မှာ..လှေကားရင်းမှာ..သေနေ” သူ့လည်ပင်းကို ဆတ်ကနဲ ဖမ်းညှစ်လိုက်တဲ့ အဖေ့ရဲ့ လက်ဝါးပြားကြီးအောက်မှာ အစောင့်ရဲ့စကားသံ တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတယ်။ အဖေက အံကြိတ်ပြီး ပြောတယ်။ “ဘယ်မှာလဲ။ ဘယ်သူ့လက်ချက်လဲ” အစောင့်က မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ခေါင်းကို သွင်သွင်ခါတယ်။ အဖေက …