
အခန်း (၁၉) (၁) ရုံးထဲကို ပြန်ဝင်ဖို့ အသင့်ဖြစ်တဲ့အချိန်မှာ နေမွန်းတည့်စပြုပြီ။ တိုက်တန်းဘက်မှာ လူတွေအားလုံး ကိုယ်စီကိုယ်စီ အလုပ်တွေ ရှုပ်နေကြတယ်။ အားလုံးရဲ့ကြားမှာ ကျွန်မလည်း အလိုလို စိတ်ဓာတ်တွေ တက်ကြွနေတယ်။ ဘာကြောင့်မှန်းတော့မသိ.. လူအုပ်စုတစ်စုရဲ့ စည်းလုံးမှုထဲကို ကိုယ်တိုင် သက်ဝင်မျောပါသွားရတဲ့ ခံစားချက်ဟာ အတော် မိန်းမောစရာကောင်းတာပဲ။ ဒါကြောင့်လည်း အဖွဲ့တွေ ဂိုဏ်းတွေ ပေါ်လာတာ ဖြစ်လိမ့်မယ်။ ခွန်ဖြူနဲ့ တပည့် လေးငါးယောက်.. ကျွန်မနဲ့ အတူတူ ရုံးထဲကို လိုက်ဝင်ဖို့ စီစဉ်တယ်။ ဦးအောင်သောင်းက တိုက်တန်းထဲကနေ …