
(၅) အစီအစဉ်က ဒီလို။ ဥက္ကဌကို ဝင်းသမားတွေ ကိုယ်တိုင်တွေ့ခွင့်ရတဲ့အချိန် တစ်ချိန်ပဲရှိတယ်။ မနက်ခင်း တန်းစီရတဲ့ အချိန်။ အဲဒီတစ်ချိန်ကလွဲရင် ဥက္ကဌက ရုံးထဲကနေ အပြင်ကို ထွက်လေ့မရှိဘူး။ တန်းစီတဲ့အချိန်မှာတောင် ခြံစည်းရိုးနောက်မှာပဲ မတ်တပ်ရပ်ပြီး စကားပြောတာ။ ဝင်းမြေကို မနင်းဘူး ဆိုပါတော့။ ဒီတော့ ခွန်ဖြူ့ရဲ့ အကြံအစည်အောင်မြင်ဖို့ဆိုရင် တန်းစီကွင်းထဲမှာပဲ အကောင်အထည်ဖော်မှ ရမယ်။ ကြယ်တံခွန်အဖွဲ့ကနေ ဥက္ကဌဆီကို ခြိမ်းခြောက်စာတွေ၊ ညှိနှိုင်းလိုတဲ့ အကြောင်းအရာတွေ၊ အသနားခံစာတွေ အကြိမ်ကြိမ် ပို့ခဲ့ဖူးတယ်။ ဒါပေမယ့် ဘာမှ အရာမထင်ဘူး။ ဘာတုံ့ပြန်မှုမှ …