
“ကျွန်တော်ဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စားကောင်။ အလုပ်လုပ်ရင်လည်း အင်မတန် ပျင်းတယ်။ လုပ်လက်စအလုပ်တွေကို အပြီးမသတ်တဲ့ နေရာမှာ နာမည်ကြီးတယ်။ ဒီလိုပဲ တစ်သက်လုံး ဆက်သွားလိမ့်မယ်လို့ တော်တော်များများက ထင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် “ငါဟာ ဘယ်တော့မှ ပြောင်းလဲမယ့်ကောင် မဟုတ်ဘူး”..လို့ သတ်မှတ်ခဲ့တာပဲ။ ဒါပေမယ့် အခုဆိုရင် တစ်ရက်တစ်ရက် စိတ်ပူစရာတွေနဲ့ ပြည့်နေတယ်။ မပြီးတဲ့ အလုပ်တွေကို ပူရကောင်းမှန်းသိလာတယ်။ အလုပ်များတဲ့အခါ ခံစားရတဲ့ စိတ်လှုပ်ရှားမှုကို ခုံမင်တတ်လာတယ်။ အဆက်မပြတ် အလုပ်လုပ်တတ်တဲ့ကျွန်တော့်မိန်းမရဲ့ ကျေးဇူးတွေလည်း အများကြီးပါပါတယ်။ ကျွန်တော် အတုယူကောင်းသွားတာပေါ့လေ။ …